Burmese

အရေးကြီးကြေညာချက်။ ဒုက္ခသည်နေရာချထားရေးနဲ့ ဗီဇာနှင့်ခရီးသွားခွင့်ပိတ်ထားခဲ့သည်ကို ယခုအခါမှာ အမေရိကန်တရားရုံးများမှ ပြန်လည်ယုတ်သိမ်းပြောင်းလဲရန် အမိန့်ထုတ်ထားပါတယ်။ ဒါကြောင့် ယခုအခါ အမေရိကန်နိုင်ငံတွင် ဒုက္ခသည်များ နေရာချထားရေးကို ပြန်လည်ခွင့်ပြုထားပြီး၊ တားဆီးခံခဲ့ရသော (အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆူဒန်၊ ယီမင်၊ ဆီးရီးယားနဲ့ ဆိုမားလီးယား) မူဆလင်နိုင်ငံ ၇ခုမှ ခရီးသည်များ အမေရိကန်သို့ အသွားအပြန်ခရီးသွားနိုင်ပြီဖြစ်ပါတယ်။ သို့သော် ဒီ၇နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အလွန်အရေးကြီး ကိစ္စနဲ့ အရေးပေါ်အခြေအနေများမှ လွဲလို့ ခရီးမထွက်သေးပါရန် အကြံပေးလိုပါသည်။ သင် သို့မဟုတ် သင်သိသောသူ တယောက်ယောက်က ခရီးသွားနေပြီး အမေရိကန်နိုင်ငံသို့ ပြန်လာခွင့်မရပါကairport@refugeerights.org သို့ ဆက်သွယ်ပါ။ သို့မဟုတ် သင့်နေထိုင်ရာဒေသဆိုင်ရာအမေရိကန်ပြည်သူ့လုပ်ပိုင်ခွင့်များဆိုင်ရာ သမဂ္ဂ အေဆီအယ်လ်ယူ (ACLU) ကို တိုက်ရိုက်ခေါ်ကြားပြီး အကူအညီတောင်းနိုင်ပါသည်။ ယခုကာလမှာ စိတ်မချရသော ခက်ခဲတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကျွနိုပ်တို့ဘက်မှ  အရေးကြီး သတင်းအချက်အလက်များနဲ့ ဥပဒေရေးရာ အကြောင်းအရာများကို ကြားရှိတိုင်း ဒုက္ခသည် ဘာသာစကား အမျိုးမျိုးဖြင့် တင်ပြနိုင်ရန် ကြိုးစားသွားပါမယ်။